လူ့ဘဝပန်းတိုင် ဘလော့သို့ လာရောက်လည်ပတ်ကြကုန်သော သူငယ်ချင်းမိတ်ဆွေသင်္ဂဟနှင့်ဓမ္မမိတ်ဆွေသူတော်စင် အပေါင်းတို့အား အထူးဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုအပ်ပါသည်.......http://www.ucmswt.org/...ဦးစန္ဇြမဏိကျောင်းသားများ သာရေးနာရေးအသင်း ဘလော့သို့လည်း ဝင်ရောက်အားပေးပါရန်နိုးဆော်တိုက်တွန်းအပ်ပါသည်....

Sunday, 19 August 2012

အမျိုးသမီးများ သိမ်ထဲသို့ ဝင်ကောင်း မကောင်း သိထားသင့်

သိမ်အကြောင်းကိုတစိပ်တဒေသ နားလည်အောင်သိထားသင့်သည်၊ သိမ်ဆိုသည်မှာ ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။.......

No comments:

Post a Comment